Labels

Etoile Bleue

Etoile Bleue လို့ အမည်ရတဲ့ ပုံမှာ မြင်တွေ့ ရတဲ့ ပန်းချီကား ဖြစ်ပါ တယ်။ ရေးဆွဲခဲ့သူက ကွယ်လွန်သွားပြီ ဖြစ်တဲ့ Joan Miró လို့ အမည်ရတဲ့ စပိန်နိုင်ငံသား ကမ္ဘာကျော် ပန်းချီဆရာ ဖြစ်ပါတယ်။ ယင်း ပန်းချီကို ရေးဆွဲခဲ့ချိန်က ၁၉၂၇ ခုနှစ် ဖြစ်ပါတယ်။
ခေတ်သစ် မော်ဒန် ပန်းချီတို့ရဲ့ စံနမူနာ ထားစရာ ပန်းချီကား အဖြစ် လက်ခံ အသိမှတ်ပြုထားတဲ့ ပန်းချီကား လက်ရာကောင်း တစ်ခု ဖြစ်ပါတယ်။ automatic drawing လို့ခေါ်တဲ့ လက်ကို ရည်ရွယ်ချက် ရှိရှိ ရွေ့လျားခြင်း မုတ်ပဲ မသိစိတ်ရဲ့ စိတ်အလိုကျ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလို့ ဖန်တီး ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ extension of the unconscious လို့ ခေါ်တဲ့ မသိစိတ်ရဲ့ တိုးချဲ့လာတဲ့ အစိတ်အပိုင်း အဖြစ် လက်ကို သဘောထားလို့ ရွေ့လျား စေခြင်း ဖြစ်ပါတယ်။
ဒီအတွက် Mood ယူဖို့ အချိန်အတော်ကြာ ပေးရပြီး ပတ်ဝန်းကျင် လေ့လာမှု ကိုလည်း Miro ဟာ ပြုလုပ်ခဲ့ကြောင်း ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် အနေနဲ့ ကြည့်ရှုရင် သိပ်မထူးခြား ပေမယ့် အနုပညာခံစား သူများအတွက် Etoile Bleue လို့ အမည်ရတဲ့ ပန်းချီကားက အထူးအဆန်း အံ့သြဖွယ် တစ်ခု ဖြစ်နေပါ သတဲ့။
ဒါကြောင့်ပဲ သက္ကရာဇ် ၂၀၁၂ ခုနှစ်က ကန်ဒေါ်လာ ၂၁ သန်းနဲ့ ၃၁ သန်း ကြား လေလံတင် ရောင်းချတဲ့ ပန်းချီကားကို ဥရောပမှာ အမေရိကန်ဒေါ်လာ ၃၆.၉ သန်း တန်ဖိုးနဲ့ ရောင်းထွက် စေခဲ့ ပါတယ်။

.