Labels

#‎Lml_ငြိုးမျက်မပြေ‬


အစ/အဆုံး Fb မှ
မင်္ဂလာပါရှင် ခုဖုန်းကောင်းသွားပြီဖြစ်တဲ့အတွက် အစအဆုံးပြန်တင်ပေးလိုက်ပါတယ် ဇာတ်သိမ်းကိုလည်းပြန်ပြင်ရေးထားပါတယ်ရှင့်:-)
ကျွန်မနာမည်ကကြည်လင်ရွှန်းလဲ့ပါ။ကျွန်မကခေါင်းဆောင်ပြီးသူငယ်ချင်းခုနစ်ယောက်နဲ့အတူဟံလင်းမြို့ဟောင်းကိုလေ့လာရေးခရီးထွက်ခဲ့ကြပါတယ်။
''ဟဲ့ငါလေတစ်ချက်တစ်ချက်အပုပ်နံ့ရတယ်ဟ''
''ငါတို့တော့မရပါဘူးကြေးမှုံရယ်နင်ကတော့ကြောင်သေလို့ဝင်စားလားမသိဘူးအနံ့ခံကောင်းနေတယ်လမ်းဘေးကနံတာနေမှာပေါ့''
''ဟဲ့ကြေးမှုံအဲ့ကောင်မာန်ပြည့်ကသိပ်စကားမတတ်ရဘူးသူ့ရှေ့ထိန်းပြောဟေ့ခုဆိုနင်ပြောခံနေရပြီ''
''အေးလေဟုတ်ပါ့ပါးစပ်ကအငြိမ်မနေဘူးကောင်းတယ်''တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင်ပြောကြရာတစ်ကားလုံးဆူညံသွားလေတော့သည်။
''ဆရာမတို့ပါရင်ကောင်းမှနော်ခုဟာကငါတို့ချည်းပဲပြဿနာတစ်စုံတစ်ရာကြုံရင်ဖြေရှင်းဖို့ခက်မှာပဲ''
''ဒီမှာဆရာမကြီးဒေါ်ကြည်လင်တစ်ယောက်လုံးပါလာတာပဲသူကြည့်ရှင်းလိမ့်မယ်ဒေါ်ဝင်းပရေ''
''ဟုတ်ကဲ့ပါဦးကောင်းဆက်ရေကိုယ့်ဘာသာကားကိုဂရုစိုက်မောင်းပါလျှာလာမရှည်နဲ့ဟွန့်''ဝင်းပဖြူကောလိုက်တော့ကောင်းဆက်ငြိမ်ကျသွားသည်။
''ဒီကနေပြန်ရင်တော့စာပဲဖိကျက်ရမယ်ငါတော့Dမှန်းထားတယ်ခုနေခါဧပရယ်နဲ့ရဲထက်တို့ရှိရင်ပိုပျော်ဖို့ကောင်းမှာနော်''
''သူတို့နှစ်ယောက်နာမည်ကိုငါမကြားချင်ဘူးခခအဲဒီတုန်းကအဖြစ်အပျက်တွေင်သတိမရချင်ဘူး''ကျွန်မခခအားလေသံမာမာနှင့်ပြောလိုက်ရာခခမျက်နှာပျက်သွားသည်ကိုမမြင်ချင်ယောင်ဆောင်လိုက်သည်။''ဟိုဒါနဲ့ကြည်လင်ငါတို့ကဘယ်မှတည်းရမှာလဲဟင်''လဝန်းစကားလမ်းကြောင်းလွှဲလိုက်ရာ''ငါ့အဒေါ်ကသူ့သူငယ်ချင်းကိုပြောထားပြီးပြီနေစရာကသူတို့စီစဉ်ပေးလိမ့်မယ်ဒါပေမဲ့ရွာထဲမှာတော့မဟုတ်ဘူး''
''ဟင်နင်ကလည်းရွာထဲမဟုတ်ရင်ကြောက်စရကြီး''
''နင်ကယောကျားလေးဖြစ်ပြီးကြောက်နေတာလားဇော်ရဲသတ္တိမကြောင်စမ်းပါနဲ့''ကျွန်မဘုတောတောလိုက်တော့ဇော်ရဲအသံတိတ်သွားသည်။''ဟင်းပုပ်စော်ကလည်းနံလိုက်တာဟာ''ကြေးမှုံနှာခေါင်းပိတ်ကာရှုံ့မဲ့မဲ့နှင့်ပြောတော့ကျန်သာများပါအနံ့ခံကြည့်ကြသည်။''တော်တော့ကြောင်မနင်ပဲတစ်ချိန်လုံးနံနေတော့ငါတို့တော့ဘာအနံ့မှမရဘူး''ကျွန်မနားငြီးလာသောကြောင့်စုတ်တစ်ချက်သတ်လိုက်ကာမျက်စောင်းခဲလိုက်တော့အားလုံးတိတ်သွားလေတော့သည်။ဒီလိုနှင့်ဟံလင်းရောက်ခါနီးတွင်ကျွန်မအဒေါ်ဆီဖုန်းဆက်လိုက်ရာရွာအဝင်လမ်းမှာအဒေါ်သူငယ်ချင်းဒေါ်သူဇာစောင့်နေသည်တဲ့။ကျွန်မရွာအဝင်ဝတွင်မျက်လုံးကစားကြည့်တော့မိန်းမတစ်ယေက်နှငိ့ကလေးတစ်ယောက်ရပ်နေသည်ကိုလှမ်းမြင်လိုက်ရသည်။''ရှေ့နားမှာရပ်မယ်နော်''ကားလေးကိုထိုနှစ်ယောက်၏ဘေးတွင်ရပ်လိုက်ရာကျွန်မကားပေါ်ကဆင်း၍''ဟိုအဒေါ်ဒေါ်သူဇာလားမသိဘူးနော်''
''ဟုတ်ပါတယ်ဒီကသမီးကအတင့်ရဲ့တူမလေးထင်တယ်''
''ဟုတ်ပါတယ်အဒေါ်သမီးနာမည်ကကြည်လင်ရွှန်းလဲ့ပါကားပေါ်ကသူငယ်ချင်းတွေပါ''
''သြော်---ဒါသမီးတို့အတွက်တည်းစရာအိမ်ပါ''
''သြော်ဟုတ်ကဲ့ ကဲနင်တို့တွေဆင်းကြ တော့လေဒီမှာတည်းရမှာ''ကျွန်မလောဆော်လိုက်တော့မှသူတို့ဆင်းလာကြလေသည်။''သမီးတို့ကလေးတွေချည်းပဲလားလူကြီးတော့မပါဘူး''
''ဟုတ်ပါတယ်လွတ်လွတ်လပ်လပ်ပျော်ချင်လို့ပါ''
''ဒီမှာကတော့အားလုံးစိတ်ချရပါတယ်ကွယ်တချို့ဧည့်သည်တွေလည်းဒီမှာတည်းကြတာပါရေအပြည့်အစုံလည်းရှိတယ်'' ''ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်တည်းခိုခရောဘယ်သူ့ကိုပေးရမှာလဲဟင်''
''ဒီကရွာလူကြီးကိုပေးရမှာကွဲ့သမီးတို့ပန်ခါနီးမှအဒေါ်လာယူမယ်ကဲအဒေါ်ပြန်လိုက်အုံးမယ်''ဒေါ်သူဇာပြန်သွားတော့ကျွန်မတို့အဝတ်ထုပ်တွေချကာအိမ်ထဲသို့နေရာချထားလိုက်သည်။အိမ်ကနှစ်ထပ်အိမ်ဖြစ်ကာကောင်းဆက်တို့သုံးယောက်ကအောက်ထပ်အခန်းယူကာအပေါ်ထပ်သုံးခန်းမှာတော့ကျွန်မတစ်ခန်း၊ခခနှင့်ဝင်းပကတစ်ခန်း၊လဝန်းနှင့်ကြေးမှုံကတစ်ခန်းယူလိုက်ကြသည်။ကျွန်မတို့ရောက်သည့်အချိန်ကညနေသုံးနာရီကျော်ပြီဖြစ်ရာရေမိးချိုး၍အနားယူလိုက်ကြသည်။
မနက်စောစောထကရွာထဲသို့သွား၍ရေပူစမ်းများရှေးဟောင်းရုပ်ကြွင်းများသွားရောက်လေ့လာကြသည်။ပြန်လာတော့ညနေ၅နာရီပင်ကျော်နေလေပြီ။အိမ်ထဲဝင်တော့''ဟွန့်ပုပ်စော်ကလည်းနံပြန်ပြီနင်တို့ပြောသလိုငါပဲနံနေတာလားမသိတော့ပါဘူး''
''ဒီတစ်ခါပုပ်စော်နံတာနင့်ဆီကပဲဖြစ်ရမယ်ကဲကြောင်မရေရေအမြန်စွားချိုးလိုက်အုံး''မာန်ပြည့်စလိုက်တော့မျက်စောင်းချီကာအပေါ်သို့တက်သွားလေသည်။သူမရေချိုးရန်ရေချိုးခန်းထဲဝင်သွားပြီးရေလောင်းချိုးနေရာဆပ်ပြာတ်ုက်မည်လုပ်တော့သူတစ်ကိုယ်လုံးသွေးတွေရဲနေသည်ကိုမြင်ရာ''အား''သူမလန့်အော်ပြီးပြေးရာအောက်ကလျှောနေ၍မှောက်လျက်ထိုးလဲသွားသည်။ကျွန်မတို့အားလုံးသူမအော်သံကြားတော့ပြေးတက်လာကြရာသူမကိုကြည့်လိုက်တော့မျက်တောင်မခတ်ဘဲကျွန်မတို့အားမမှိတ်မသုန်စိုက်ကြည့်နေလေတော့သည်။
''ကြေးမှုံဘာဖြစ်သွားသေးလဲထလေ''ကျွန်မပြောရင်းသူမလက်ကိုင်လိုက်ရာ
''ငါ့လက်ကိုလွှတ်စမ်းလာမထိနဲ့''
''ဘာပြောတယ်နင်တို့ငါ့ဦးဆောင်မှုနဲ့ဒီရောက်လာတာငါ့ကိုမစော်ကားနဲ့''
''နင့်ရဲ့ပိုက်ဆံဂုဏနဲ့လာမမောက်မာနဲ့''
''ဘာ!!!"ကျွန်မဒေါသထွက်နေပြီဆိုတာကျန်တဲ့သူတွေသိတော့''တော်ပါတော့ကြေးမှုံရယ်နင်ဘာဖြစ်နေတာလဲ''ဝင်းပဝင်တားလိုက်တော့''နင်တို့အကုန်လုံးငါခွင့်လွှတ်တယ်ထင်မနေနဲ့''မျက်တောင်တစ်ချက်မှမခတ်ဘဲစူးရဲစွာကြည့်၍ပြောလိုက်တော့အကုန်လုံးငေးကုန်ကြသည်။သူမပြောပြီးအခန်းထဲသို့ဝင်သွားရာ
''ကြေးမှုံအသံကဧပရယ်နဲ့တူသလိုပဲနော်'' ''သူ့နာမည်ကိုငါမကြားချင်ဘူးလို့ သတိပေးပြီးပြီနော်''ခခအသံတိတ်သွားကာ''ကဲပါ ငါတို့ရေချိုးစားသောက်ပြီးရ င်ဂီတာတီးပြီးသီချင်းဆိုကြရအောင်'' ကောင်းဆက်ကပြောပြီးဆင်းသွားလေသည်။အားလုံးပြီးစီးတော့အပြင်သို့ထွက်ကာဂီတာတီးရန်ခုံတွေထုတ်ကာပြင်ဆင်လိုက်ကြသည်။''ကြေးမှုံထမင်းလဲလာမစားဘူးငါသွားခေါ်အုံးမယ်''လဝန်းပြောရင်းအိမ်ထဲသို့ဝင်သွားသည်။''ကြေးမှုံထမင်းလဲလာမစားဘူးငါတို့ကိုဘာလို့စိတ်ဆိုးနေတာလဲလာထမင်းစားရအောင်''
''နင်တို့ရဲ့ပယောဂနဲ့လူတစ်ယောက်လုံးဆုံးသွားတာတောင်ထမင်းစားနိုင်သေးတယ်ပေါ့ဟုတ်လား လဝန်း'' သူမအား လေသံမာမာနှင့်ပြောတော့''နင်ဘာဖြစ်နေတာလဲကြေးမှုံအဲဒီကိစ္စကိုပြန်မပြောဘူးလို့ကတိပေးထားကြတယ်လေပြီးတော့နင့်အသံကဘာလို့ပြောင်းနေတာလဲ'' ''နင်တို့သိပ်တစ်ကိုယ်ကောင်းဆန်တာပဲဧပရယ်ဆိုတဲ့ငါကနင်တို့ကိုခွင့်လွှတ်မယ်ထင်နေလား''
''နင်---နင်မလာနဲ့နော်ငါ့နားမလာနဲ'' ကြေးမှုံတစ်လှမ်းချင်းတိုးလာကာလဝန်းတံခါးဆွဲဖွင့်တော့လည်းမရ။ြေးမှုံတစ်လှမ်းချင်းတိုးလာကာလဝန်း၏လည်ပင်းအားလက်နှစ်ဖက်ဖြင့်ညှစ်ထားလိုက်လေတော့သည်။သူမရုန်းနေသော်လည်းအချည်းနှီးဖြစ်ကာနောက်ဆုံးတော့ပျော့ခွေကျသွားလေတော့သည်။
……………………………………………………
ကြေးမှုံသီချင်းဆိုသောနေရာသို့ရောက်လာတော့''လဝန်းရောကြေးမှုံ''
''သိချင်ရင်သွားကြည့်ငါ့ကိုလာမမေးနဲ့''
''နင်ဘာဖြစ်နေတာလဲကြေးမှုံငါတော့နားမလည်တော့ဘူးငါအထဲသွားအုံးမယ်ဟေ့''ဝင်းပစိတ်ဆိုးကာအထဲသို့ဝင်သွားပြီးအပေါ်ထပ်သို့တက်ကာအခန်းတံခါးဖွင့်ကြည့်တော့လဝန်းအားခွေခွေလေးအိပ်နေသည်ကိုမြင်တော့''သြော်အရေးထဲအိပ်နေသေးတယ်တကယ်ပါပဲ''သူမအခန်းအပြင်သို့ထွက်လာကာလှေကားမှဆင်းမည်အပြု''လဝန်းအိပ်နေတာလား'' ''လန့်လိုက်တာကြေးမှုံရယ်'' နောက်မှအသံပြုလိုက်သောကြောင့်လဝန်းလန့်သွားရာ''သြော်လန့်တတ်သားပဲနင်တို့ကိုအသည်းမာမယ်ထင်နေတာဟင်းဟင်းဧပရယ်သေတော့နင်တို့ဘယ်လိုမှမခံစားရဘူးလား''
''အဲဒါနင့်ကိုယ်နင်ပြန်မေးရမှာနင်ရောဘယ်လိုခံစားရလဲငါတော့ပျော်တယ်ဟုတ်ပြီလား''
''ငါကတော့နင်တို့ကိုသတ်ပစ်ချင်တယ်အဲဒါကြောင့်ဒီအထိလိုက်လာတာ''
''တော်တော့ကြေးမှုံနင်နဲ့စကားမများချင်ဘူးငါသွားမယ်''သူမလှေကားကအဆင်းတွင်နောက်မှအားရပါးရတွန်းချလိုက်လျှင်ဒလိမ့်ကောက်ကွေးကျကာခေါင်းတွင်သွေးများစီးကျ၍ထဖို့ကြိုးစားသော်လည်းအချည်းနှီးသာ။ ''နင်တို့အားလုံးကိုငါပြန်သတ်မယ်''စူးစူးဝါးဝါးအော်လိုက်ပြီးကြေးမှုံငြိမ်ကျသွားသည်။သူမသတိရ၍ကြည့်လိုက်တော့လှေကားအောက်တွင်ဝင်းပမျက်နှာတစ်ခုလုံးသွေးများရွှဲနေကာသူမကိုကြည့်ရင်း''ဧ---''သူမခန္ဓာကိုယ်လေးငြိမ်ကျသွားလေတော့သည်။''ငါ ငါဘယ်လိုလုပ်ဒီရောက် နေတာလဲဝင်းပကရောလှေကားကနေဘယ်လိုပြုတ်ကျတာလဲကျန်တဲ့သူတွေရောငါဘာမှမမှတ်မိဘူး''သူမဇဝေဇဝါဖြစ်နေစဉ်''ဒုန်း---ဒုန်း''တံခါးထုသံကြားတော့လန့်သွားကာတံခါးကိုဆွဲဖွင့်လိုက်လျှင်''အား---''----
…………………………………………………………
ကောင်းဆက်သီချင်းဆိုအပြီးတွင်ကျွန်မတို့လက်ခုပ်တီးအားပေးလိုက်ကြသည်။''အရမ်းကောင်းတယ်ဒါနွှဲဟိုသုံးကောင်လဲတစ်ယောက်မှပေါ်မလာဘူး''ဇောရဲပြောလိုကရင်းသူတို့နားသို့ဘယ်အချိန်ကရောက်နေလဲမသိသောကြေးမှုံအားမြင်လိုက်ရာ''အံမယ်လေးလန့်လိုက်တာဟဲ့နင်ဘာဖြစ်---''စကားတောင်မ ဆုံးသေးအိမ်ထဲပြေးဝင်သွားရာဇော်ရဲံလည်းလိုက်သွားလေတော့သည်။''ဟင်သူဘယ်ရောက်သွားတာလဲမြန်လိုက်တာ'' ''အား---အား''အပေါ်မှအသံကြား ၍တက်သွားပြီးအသံကြားသည့်အခန်းထဲသို့ဝင်သွားချှင်ဘာမှရှိမနေ။သူအအြင်ထွက်ရန်ပြင်လိုက်စဉ်''ဟဟဟ''ရယ်သံကြား၍နောက်လှည့်ကြည့်ရာ''ဟင်ဧပရယ်'' ''ငါ့ကိုမှတ်မိသားပဲခိခိခိ''သူမရယ်ကာသူ့ကိုပြန်ကြည့်လိုက်တော့မျက်လုံးတစ်ဖက်မပါဘဲမျက်နှာတစ်ခုလုံးသွေးတွေရွှဲနေတာမြင်တော့ကြောက်ကာပြေးမည်အပြုသူ့တစ်ကိုယ်လုံးမြောက်တက်သွားကာဇောက်ထိုးအောက်သို့ကျပြီးလောကကြီးနှင့်အဆက်ပြတ်သွားတော့သည်။
………………………………………………………
''ဟူးဟိုကောင်ဇော်ရဲလည်းပေါ်မလာတော့ဘူးငါတို့လည်းအထဲဝင်ကြစို့''
''အေးလေသူတို့မပါတော့သိပ်ပျော်စရာမကောင်းဘူးဝင်ကြတာပေါ့''ကျွန်မတို့အိမ်ထဲဝင်လာတော့တိဆိတ်လျက်မှောင်မဲနေလေရာ''ဟဲ့မာန်ပြည့်မီးဖွင့်ပါဟမီးပျက်သွားတာလားမသိဘူး--လဝန်းရေဝင်းပ---ဇော်ရဲ---ဘယ်သူ့ဆီမှထူးသံမကြားဘူးဘာတွေဖြစ်နေလဲမသိဘူး''
''ငါရေချိုးခန်းသွားအုံးမယ်ခြေလက်ဆေးမလို့ဖယောင်းတိုင်မီးထွန်းထားလေ''မာန်ပြည့်ပြောရင်းအပေါ်ထပ်သွားကာရေချိုးခန်းသို့ဝင်သွားလေတော့သည်။
''နင်တော်တော်ပျော်နေလားဟင်''သူလက်ဆေးနေစဉ်နောက်ကျောမှမေးသံကြားတော့''နင်တို့မလာတော့သိပ်မပျော်ဘူးဟ''ဖြေလိုက်ရင်းလှည့်ကြည့်တော့ဘယ်သူမှမရှိ။သူကျောချမ်းသွားကာရေချိုးခန်းမှထွက်မည်အပြုသူ့ရင်ဘက်အားတစ်စုံတစ်ယောက်ဆောင့်တွန်းလိုက်သလိုဖြစ်ကာနောက်သို့ပစ်စလက်ခက်လဲကျသွားရာခေါင်းနှင့်သမံတလင်းကမိတ်ဆက်လျက်။
………………………………………………………
ကောင်းဆက်အခန်းထဲသို့ဝင်လာတော့အပုပ်နံ့ကထောင်းကနဲထလာသည်။''အပုပ်နံ့ကနံလိုက်တာဟာ''ပြောရင်းအပြင်သို့ထွက်လာရာ''ငါ့စိတ်ထဲတစ်မျိုးကြီးပဲအခုငါတို့သုံးယောက်တည်းရယ်မာန်ပြည့်လည်းဆင်းမလာဘူးကျန်တဲ့သူတွေလည်းတစ်ယောက်မှထွက်မလာဘူး''ကျွန်မပြောရင်းကျောချမ်းလာသည်။ထိုစဉ်''အား---အား---ဟင့်---ဟင့်---ဒုန်း---ဒုန်း''အပေါ်ထပ်မှအသံပေါင်းစုံ ကြားရလျှင်''နေအုံးသူတို့စနေတာနေမှာငါတက်ကြည့်အုံးမယ်ဟွန့်တွေ့မယ်''ကောင်းဆက်အပေါ်သို့တက်သွားပြီးခဏကြာတော့''အား---"ကောင်းဆက်အော် သံကြားတော့ကျွန်မအတော်ပင်တုန်လှုပ်သွားသည်။ခဏကြာတော့''ဟားဟားဟား''ဒီရယ်သံကိုကျွန်မမှတ်မိပါသည်။ ''ဧပရယ်''ကျွန်မမျက်လုံးပြူးကာကြောက်စိတ်ကငယ်ထိပ်သို့ဆောင့်တက်လာပါတော့သည်။ထိုစဉ်''ကြည်လင်ငါတို့ကိုကယ်ပါနော်''မျက်ရည်များနှင့်လဝန်းကိုမြင်တော့ကျွန်မလှမ်းကိုင်လိုက်ရာ''ဟင်ဧပရယ်''ကျွန်မလက်ကိုကပျာကယာရုတ်လိုက်သည်။''ဧပရယ်နင်ဆုံးသွားပြီမဟုတ်ဘူးလားဘယ်လိုလုပ်ဒီကိုရောက်လာတာလဲဟင်''ခခမေးတော့''ဟားဟားဟားငါနင်တို့နဲ့လိုက်လာတာကြည်လင်ငါနင့်ကိုမကျေနပ်ဘူး''ကျွန်မခေါင်းကိုတွင်တွင်ခါယမ်းလိုက်ရင်းလွန်ခဲ့သောအတိတ်ကာလကကျွန်မရဲ့လုပ်ရပ်များဆီသို့
…………………………………………………………
ကျွန်မတို့ကိုးတန်းပညာသင်ကာလတွင်သူငယ်ချင်း၁၀ယောက်ဖွဲ့၍ဆရာမများငှားကာစာသင်ကြလေသည်။မိဘတွေပိုက်ဆံချမ်းသာတော့ကျွန်မအရမ်းမောက်မာပြီးအတ္တကြီးပါတယ်။ကျွန်မကသူငယ်ချင်းတွေအပေါ်မှာအမြဲအနိုင်ယူပါတယ်။သူတို့ကလည်းကျွန်မကိုကြောက်တာထက်အဖေတို့ကိုပိုကြောက်ပါတယ်။ကျွန်မဒါဆိုဒါပါပဲ။ကျွန်မ၊လဝန်း၊ကြေးမှုံ၊ဝင်းပဖြူ၊ဧပရယ်၊ခခ၊ရဲထက်၊ကောင်းဆက်၊မာန်ပြည့်၊နဲ့ဇော်ရဲသူငယ်ချင်း၁၀ယောက်ပါ။ဧပရယ်ကကျွန်မတို့ထဲမှာအချောဆုံးဆိုတော့ကောင်းဆက်တို့လေးယောက်စလုံးသူ့ဆိုအရေးပေးကြတယ်။ရဲထက်ကိုတော့ကျွန်မတို့အတော်စိတ်ဝင်စားတာပါ။ခခတစ်ယောက်ပဲစာဆိုစာပဲအာရုံစိုက်တာပါ။ကိုးတန်းဖြေပြီး၂ရက်နားပြီးတော့၁၀တန်းစာဆက်သင်ကြပါတယ်။၎လပိုင်း၁ရက်နေ့မှာကျွန်မတို့လူစုံနေပါပြီ။ခခ၊ဧပရယ်နဲ့ရဲထက်တို့ပဲမလာကြသေးတာ။''ဒီနေ့ဘာနေ့လဲသိလား'' ''၁ရက်နေ့လေ''
''အဲဒါငါသိသားပဲဒီနေ့April fooldayဟ ငါတို့အရူးလုပ်ရမယ်''
''ဘယ်သူ့ကိုလဲ''
''ဧပရယ်ပေါ့သူ့ကိုငါကြည့်မရလို့ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားထားတာလေသူ့ကိုစမယ်''
''ဘယ်လိုစမှာလဲ''
''နင်တို့ကသရုပ်ဆောင်ပေးရုံပဲကျန်တာငါလုပ်မယ်''ကျွန်မပြောပြီးရဲထက်ဆီဒီနေ့ကျူရှင်ပိတ်တယ်ဟုဖုန်းဆက်လိုကသည်။ခဏကြာတော့ဧပရယ်ရောက်လာတာမြင်တော့ကျွန်မငိုကာ''ဧပရယ်ရဲထက်အက်ဆီးဒင့်ဖြစ်လို့တဲ့စိုးရိမ်ရတယ်တဲ့''
''ဟင့်အေးဟုတ်တယ်ခုပဲငါတို့ဆီဖုန်းဆက်တာ''ကျန်တဲ့သူများပါငိုယိုပြီးပြောကြတော့သူမစက်ဘီးလေးနင်းကာထွက်သွားလေတော့သည်။ပြီးမှကျွန်မတို့ရယ်ကာလက်ဝါးချင်းရိုက်လိုက်တော့သည်။

မဖတ်ရသေးသူတွေအတွက် ထပ်တင်ပေးပါရစေ။ (စိတ်ခိုင်ခိုင်းထားဖို့တော့ လိုပါတယ်ခင်ဗျာ)

GTC ကျောင်းက ချစ်သူနှစ်ဦးရဲ့ 
စိတ်မကောင်းစရာ အဖြစ်ပျက်လေးပါ။
ဖြစ်ပုံကဒီလိုပါ ... GTCမှာ အရမ်းချစ်ကြတဲ့
သမီးရည်းစား နှစ်ယောက်ရှိတယ်
သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်ကြတာတဲ့ ဘယ်လောက်ထိ
ချစ်ကြလည်းဆို တစ်ယောက်နေမကောင်းလို့
ကျောင်းမတက်နိင်ရင် နောက်တစ်ယောက်က
လည်း ကျောင်းမတက်တော့ဘူး တဲ့ ....
သူတို့နှစ်ယောက်ချစ်တာကို သူငယ်ချင်းများ
ကတောင် မျက်စိနောက်ကြတယ်
ဒါပေမယ့် တစ်နေ့မှာ ကောင်မလေးက
ကောင်လေးဆေးသုံးစွဲနေတာကိုသိသွားတော့
အစပိုင်းတော့တားတာပေါ့
နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာလား
ကောင်မလေးကိုအဆက်အသွယ်ဖြတ်မှာလား
မေးတော့ ကောင်လေးက အလွယ်ပဲ
ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ် .....
အဲ့ဒါနဲ့ သူတို့နှစ်ယောက် အရင်လို
ပျော်ပျော်ရွင်ရွင် ပြန်နေဖြစ်ကြတယ် ....
အဲ့ဒါနဲ့နောက်လည်းကြာရောကောင်လေးက
ဆေးတကယ်မဖြတ်နိင်မှန်းကောင်မလေး
သိတော့ ..... ကောင်မလေးကအရွဲ့တိုက်ပြီး
အခြားကောင်လေးတစ်ယောက်နဲ့
တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေ
ဆိုတော့ ကောင်လေးကအရမ်းကြေကွဲပြီး
ကောင်မလေးကိုပြန်တောင်းပန်ပြီး ဆေးကို
တကယ်ဖြတ်ပါမယ်လို့ ကတိပေးလိုက်တယ်
ပြီးတော့ သူတို့တွေ့နေကျနေရာလေးမှာ
ကောင်လေးက...... ကောင်မလေးကိုချိန်းလိုက်တယ်..အဲ့ဒါနဲ့ပဲ
ကောင်လေးက ဆေးကိုနောက်ဆုံးဆိုပြီး
သုံးလိုက်တယ်...........
... ကောင်မလေးရောက်တော့ ကောင်လေးက
ဆေးကြောင်ပြီး သတ်ပစ်လိုက်မိရော
ကောင်မလေးကိုယ်ကသွေးတွေ
ကောင်လေးအင်္ကျီပေါ် ပေကုန်တယ်
ပြီးတော့မှ့ ကောင်လေးလည်းသတိပြန်ဝင်
တော့ သူလက်လွန်မှန်းသိတော့
ဘာလုပ်ရမှန်းမသိတော့ပဲ ကောင်မလေး
အလောင်းကို အဲ့နေရာမှာပဲ မြေမြုပ်ခဲ့ပြီး
ပြန်သွားလေသည်။ ....
လူလည်းရှင်းနေတယ်ဆိုတော့ ဘယ်သူမှ့
မသိလိုက်ဘူးလေ ......
ကောင်လေးအိမ်ပြန်ရောက်တော့ မောမောနဲ့
အိပ်ပျော်သွားတယ် အဲ့ဒါနဲပဲ.. အိမ်မက်မက်တယ် ကောင်မလေးက
အိမ်ထဲမှာ နင့်အင်္ကျီက သွေးတွေကို
ပျောက်အောင်ဖျက် မဖျောက်ရင်
နင်ဒုက္ခရောက်လိမ့်မယ်လို့ ပြောလိုက်တယ်..
အဲ့ဒါနဲ့ ကောင်လေးက အိမ်မက်က
လန့်နိုးလာပြီး သူ့အင်္ကျီကိုကြည့်တော့ သွေးတွေပေနေတယ် အဲ့ဒါနဲ့ ဂယောင်
ခြောက်ခြားချက်ချင်းသွားလျှော်လိုက်တယ်
ဒါပေမယ့် ဘယ်လိုလျှော်လျှော် သွေးတွေကမပျက်နိင်ဘူး
ဖြစ်နေတယ် အဲ့လိုဖြစ်နေတုန်း
ကောင်မလေး ဝိညာဉ်က ပေါ်လာပြီးးးးး
ကောင်လေးဆီကို တစ်လှမ်းချင်းတစ်လှမ်းချင်း
လျှောက်လာတယ် ကောင်လေးကလည်း
ကြောက်အားလန့်အားနဲ့ အတင်းအင်္ကျီကိုပဲ
သွေးပျောက်အောင် လျှော်နေတာပေါ့....
ဒါပေမယ့် မပျက်ဘူး ကောင်မလေးရဲ့ဝိညာဉ်က တဖြည်းဖြည်းနဲ့
နီးလာတယ်။ အနားလည်းရောက်ရော ...
ဝိညာဉ်က ဟက်ဟက်ပက်ပက်ရီလိုက်တယ်။
ကောင်လေးလည်းလန့်နေတာပေါ့
ကောင်မလေးဝိညာဉ်ကမေးလိုက်တယ်
နင်…နင်ဖျက်လို့မရဘူးမလား…ဟားဟားဟား
ဘယ်ဖျက်လို့ရပါ့မလဲ ..
နင်က အိုကီဆပ်ပြာမူန့်မှမသုံးတာကိုး ..
ဟိဟိ…ငိငိ
ဖြေးဖြေးဆဲကြနော်
ပုံပြင်လေးက အဲ့တာပါပဲ ဗြဲးးးးးးးးး

၇ ရက်သားသမီး အချစ် ဗေဒင် (FB မှ)

၇ ရက်သားသမီး အချစ် ဗေဒင်
======================
တနင်္ဂနွေ သားသမီး ...
အရမ်းချစ်တတ်ပါတယ်။ သို့သော် နှစ်ယောက်ပြိုင်တူ ထားချင်တတ်တယ်။ သူတို့
အတွေးကတော့ အချစ်ဆိုတာ တစ်ယောက်ထဲနဲ့ပြီးရမှာလား။ အချစ်ဆိုတာ ပေးလို့
ကုန်သွားတဲ့ အရာမှ မဟုတ်တာနော် ....လို့ များသောအားဖြင့် ခံယူထားတတ်ကြတယ်။
အခြေအနေပေးရင် တစ်ယောက်ထက်ပိုရတတ် ယူတတ်ပါတယ်။ သူများ အထင်ကြီး
လေးစားအောင်ပြောဆိုတတ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးရင်သူတို့ ကို
အထင်ကြီးလေးစားသွားတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အပြောတစ်မျိုး
အလုပ်တစ်မျိုးဖြစ်တတ်ပါတယ်။ အမျိုးသားများဆို ဇွတ် အတင်းချစ်ရေးဆိုတတ်တယ်။
အမျိုးသမီးများကျတော့ ပွင့်လင်းတယ်၊ ချစ်သူအတွက်ဘာမဆို ရင်ဆိုင်ချင်တတ်ကြပါတယ်။
ချစ်သူအတွက် မိသားစု ကိုတောင်စွန့်လွှတ် အဆက်သွယ်ဖြတ် ရဲတာ တနင်္ဂနွေသမီးတွေပါပဲ ။
တနင်္ဂနွေ သမီးများကျတော့ အစွဲ အလန်းကြီးတတ်ကြပြီး ကိုယ့်ချစ်သူရဲ့စန်းပွင့်မှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်။ တနင်္ဂနွေသားများကတော့ အရမ်းဂရုစိုက်တဲ့ စတိုင်တွေပြတတ်တယ် ။ ကွယ်သွားတာနဲ့ မေ့ရော။ ကွယ်မေ့ တွေ့သေအောင်လွမ်းဆို
တာ တနင်္ဂနွေ သားတွေပဲ tongue emoticon
တနင်္လာ သားသမီး
အချစ်အတွက်ပေးဆပ်ရဲတယ်။ တကယ်ချစ်လာရင်ဘာမှ မမြင်အားလုံးကို စွန့်လွတ်ရင်ဆိုင်ရဲတယ်။ အဆင့်အတန်းမူလည်း ဂရုမစိုက် ။ ချစ်သူအပြစ်ကိုလဲ ခွင့်လွှတ်တတ်တယ်။ ဒါပေမဲ့ စိတ်မရှည်တတ်ဘူး။ စတ်ဆပ်တတ်ပါတယ်။
စိတ်ကောက်တတ်ပါတယ်။ အချော့ ကြိုက်တတ်ပါတယ် ။
တနင်္လာနဲ့ ကြိုက်ရင်တော့ သူစိတ်ကောက်တာ ချော့ဖို့သာပြင်ထားတော့ ။
အင်္ဂါ သားသမီး
စိတ်အပြောင်းလဲ များတတ်တယ်။ သူကတော့ မ စ ဘူး ။ သူကို စ လာရင်
ပါသွားတတ်ပါတယ်။ အရမ်းကြင်နာတတ်သလို တစ်ခါ အလုပ်များ ချင်ယောင် ဆောင်ပြီး ဖုန်း မဆက်ပဲ လုပ်နေတတ်ပါတယ်။
စိတ်ကူးရင်ပြီး လေထဲမှာ တိုက်အိမ်ဆောင်နေတာ မပြီးတော့ဘူး။ အပြင်မှာ လက်တွေ့မှာ မိသားစု ကိစ္စ တွေနဲ့ ပဲ အချိန်ကုန်နေတယ်။ သူ့စိတ်ထဲမှာ မိသားစုက ပထမ ။ ချစ်သူက ဒုတိယ ပဲ ။ သူနဲ့ကြိုက်မိရင်တော့ သူမိသာစု အပေါ် မပြစ်မပြောလေနဲ့ ပြောရင် ကွဲသွားတတ်တယ်။ သူမိသားစု အပေါ် ဖေါ်လို လိုက်ပြီး ဆက်ဆံ နိုင်အောင်သာကြိုးစားတော့ ။
ဗုဒ္ဒဟူးသားသမီး
အစွဲအလမ်းကြီးတတ်တယ်။ ဇွတ်တရွတ်လုပ်တတ်တယ်။ မကြိုက်ခင်တော့
မခုတ်တတ်တဲ့ ကြောင်လိုပဲ ။ ရည်းစားဖြစ်ပြီးသွားပြီ ဆိုရင် ရှေ့နေမကြီး
ဖြစ်သွားတော့တာပဲ ။ အလို မကျ မကြာခဏ စိတ်တို စိတ်ဆပ်ဖြစ်နေ တတ်တယ်။ အချစ်ရေးမှာ များသောအားဖြင့် သစ္စာရှိတတ်ပြီ
သူရဲ့ အပြောဆို မတတ်မှုကြောင့် မကြာမကြာ စကားများများ
နေရတတ်တယ်။ စိတ်တိုပေမဲ့ ရင်ထဲမှာတော့ အားငယ်နေကြတတ်ပါတယ်။
သူတို့နဲ့ ကြိုက်မိရင်တော့ သည်းခံ ခြင်း တရားကို လက်ကိုင်ထားပြီး အလိုလိုက် အကြိုက်ဆောင်ပေးဖို့သာ ကြိုးစားတော့ ။
ကြာသပတေး သားသမီး
အပြောကောင်းတယ်။ ချစ်သူအတွက် ကူညီဖို့ ၀န်မလေးဘူး ။ ဒါပေမဲ့ တစ်ယောက်ထက်ပိုပြီး ထားချင်တတ်တယ် ။ များသောအားဖြင့် အခွင့်ရေး ရရင် အကုန်ယူ အကုန်ပေး ချင်
တတ်တယ် ။ အချစ်အတွက် အလုပ်ကိုတောင်ဖျက်ပြီး လိုက်လျှောတတ်ကြတယ် ။ ဒါပေမဲ့ ပတ်ဝန်ကျင်စကားကြောင့် ကိုယ့်ချစ်သူကို ဖြတ်ပစ်ချင်တာ သူတို့ရဲ့ စရိုက်ပါ။ ကိုယ့်အတွေးနဲ့ ကိုယ် ချစ်သူအပေါ် သံသယဖြစ်နေတတ်တယ်။ ချစ်သူအပေါ် အပြောကတော့ ကောင်းပေမဲ့ တကယ်လက်တွေ့မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ပေးနိုင်တတ်ကြပါဘူး။
သူတို့နဲ့ကြိုက်ရင်တော့ သတိထားပါ ။ လက်ထပ်ဖို့ လက်တွန့် ရက်ရွှေ့ဆိုင်းနေတတတ်တာ ကြာသပတေးသားသမီးတွေပါပဲ ဗျာ
သောကြာ သားသမီး
အချစ်ရေးမှာ ကိုယ်က ပေးဆပ်သော်လည်း ပေးတိုင်းပြန်မရတတ်တာ
သောကြာ သားသမီးပါ။ ကိုယ်က တကယ်ချစ်သောလည်း နုတ်ကြောင့်သေ
ဆိုသလိုပဲ အပြောကြောင့် ဒုက္ခ ဖြစ်ဖြစ်နေတတ်တာ
သူတို့ ကံပေါ့ ။ တကယ်ဖြစ်ချင်နေတာ က တစ်ခု တကယ်ပြော ထွက်သွားတာ က တစ်ခု ဖြစ်နေတတ်ပါတယ် ။ အချစ်ရေးမှာ မေတ္တာ တရားကြီးတတ်ပြီး အစွဲ အလန်းလည်း ကြီးတတ်ပါတယ်။ ဒါပေမဲ့ ခံစားလွယ်တတ်ကြပါတယ်။ သူတို့ကတော့ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေပြီ ဆိုရင် ပတ်ဝန်းကျင် နှောက်ယှက်မှု ပယောဂ မကြာမကြာ တွေ့ကြုတတ်တာ သူတို့ ရဲ့ ကံပါပဲ ။ များသောအားဖြင့် သောကြာအများစုဟာ ရည်းစားဦး နဲ့
လွဲ လွဲ သွားတတ်ကြပါတယ်။
သူတို့နဲ့ ကြိုက်ရင်တော့ ရည်းစားဦးပါဆိုရင်တော့ သတိထားတော့ ။
...........
စနေ သားသမီး
အချစ်ကြီးတယ်။ သံယောဇဉ်ကြီး တယ်။ ချစ်သူ ဖေါက်ပြန်ရင်တောင် ခွင့်လွတ်နိုင်တတ်တယ် ။ အပြောကောင်းတယ်။ သဘောကောင်းတယ်။
သ၀န်တိုတတ်တယ်။ သူများ ထက်ပိုပြီး သ၀န်တို တတ်တယ် ။ ကိုယ်ကတော့ မစဘူး ။ ကိုယ့်ကို စ လာရင် ပါပါ သွားတတ်ပါတယ်။ လက်သာ ရင် လိုက်တဲ့
ကလေး လိုပဲ ။ ပိုဂရုစိုက်တဲ့ သူနောက် ပါ ပါ သွားတတ်ကြတာ စနေသားသမီး
ပါပဲ ။ စနေနဲ့ ကြိုက်ရင်တော့ ပိုဂရုစိုက်နိုင်အောင်သာ ကြိုးစားပေတော့ ။
နောက်တစ်ခု က စနေသားသမီးက ကြာရင် ငြီးငွေ့သွားတတ်ကြတယ် ။
စနေသားသမီး နဲ့ တစ်နှစ်ကျော် ၂ နှစ်လောက်သမီးရည်းစားဖြစ်ပြီး ရင်
ယူချင်စိတ်လျှော့သွားတတ်ကြတယ်။ အဲဒီတော့ စနေသားသမီး နဲ့ ကြိုက်ရင် တစ်နှစ်အတွင်းယူဖို့သာလုပ် နို့မို့ဆို မယူဖြစ်ပဲ ဇတ်မြောဖြစ်သွား တတ်ပါ တယ်။
Credit- Original Writer

Face Book Post မှ

ဆင်းရဲသား ကောင်လေး တစ်ယောက်က
ချမ်းသာတဲ့ကောင်မလေး တစ်ယောက်ကို ချစ်နေမိခဲ့တယ်။
အဲဒါနဲ့တနေ့မှာ သူဟာ ထိုကောင်မလေးကိုချစ်ခွင့်ပန်ခဲ့တယ်။
အဲဒီအခါ ကောင်မလေးက...
"နင်နားထောင်စမ်း။
နင့်ရဲ့ တစ်လစာ ကငါ့ရဲ့ တစ်ရက် အသုံးစရိတ်ဘဲရှိတယ်။
အဲဒါ နင်နဲ့ငါ ဘယ်လိုလက်တွဲလို့
ရမလဲဆိုတာ နင်မစဉ်းစားကြည့်ဖူးလား။
ငါကတော့နင့်ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။
ငါ့ကိုမေ့ပြီး နင်နဲ့ အဆင့်အတန်းချင်း တူတဲ့ ကောင်မလေး တစ်ယောက်နဲ့သာ လက်ထပ် လိုက်ပါတော့ ဟာ။ "
ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။
ဆယ်နှစ်ကြာပြီးတဲ့နောက်
Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့ ကောင်မလေးက
"ဟေး နေကောင်းလား။
ငါလက်ထပ်လိုက်ပြီ သိလား။
အခုငါ့ရဲ့အမျိုးသား တစ်လဝင်ငွေ
ဘယ်လောက်ရှိလဲသိလား။
ဒေါ်လာ ၅၀၀၀ တောင်။
နင်အဲဒါမျိုး စိတ်ကူးမိရဲ့လား။
နောက်ပြီး သူက အရမ်း Smartကျတဲ့လူတစ်ယောက်ဘဲ။
သူမပြောတဲ့စကားကို ကြားပြီးတဲ့နောက်မှာ ထိုကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေ ဝဲလာခဲ့တယ်။
သိပ်မကြာခင်မှာဘဲ သူမအမျိုးသား ရောက်လာတော့ သူမ ဘာမှမပြောခင်
သူမအမျိုးသားက ထိုကောင်လေးကိုကြည့်ပြီး
"ဆရာ ဒီရောက်နေတာလား။
ဒါကျနော့်အမျိုးသမီးလေ။ "
ဆက်ပြီး သူမကိုပြောတယ်။
" ဆရာ့ရဲ့ Project တခုမှာ ငါကလက်ထောက်လေ။
သူအခုလုပ်နေတာက ဒေါ်လာ
သန်း ၄၀တန်တဲ့စီမံကိန်းတခုဘဲ။
ဆရာ က ဟိုးအရင်က ကောင်မလေးတစ်ယောက်ကို
ချစ်ခဲ့ဖူးတယ်။ဒါပေမယ့် သူမရခဲ့ဘူး။
အဲဒါကြောင့် ဆရာ ဒီနေ့ထိ အိမ်ထောင်မပြုသေးဘူး။
အဲဒီမိန်းကလေးက ဘယ်လောက်ကံကောင်းမလဲနော်။
ဆရာ့လိုချစ်နိုင်မယ့်အချစ်မျိုးက
ဒီနေ့လိုနေ့မျိုးမှာ ဘယ်မှာမှမရှိနိုင်
အောင်ပါဘဲဟာ။"
ထိုကောင်မလေး ဘာမှပြန်မပြောနိုင် အောင်
ဆွံ့အ သွားခဲ့တယ်....
The End.
ဘဝ ဆိုတာက အရမ်းလည်း မတိုတောင်းပါဘူး။
သူများတွေကိုအားကျနေမယ့်အစား ကျန်နေသေးတဲ့ဘဝသက်တမ်းမှာ အမြင့်ဆုံးရောက်အောင်ကြိုးစားလိုက်ပါ။
@ Salim Khan

အစိတ်အပိုင်းတွေကို နာကျင်ပေမယ့်လည်း ဖဲ့ထုတ်ပြစ်ရမယ်

မိမိကိုယ်ကို ထုဆစ်မွမ်းမံပြီး ရုပ်ထွက်လှချင်တယ်ဆိုရင်တော့ တချို့ အစိတ်အပိုင်းတွေကို နာ

ကျင်ပေမယ့်လည်း ဖဲ့ထုတ်ပြစ်ရမယ်။

Etoile Bleue

Etoile Bleue လို့ အမည်ရတဲ့ ပုံမှာ မြင်တွေ့ ရတဲ့ ပန်းချီကား ဖြစ်ပါ တယ်။ ရေးဆွဲခဲ့သူက ကွယ်လွန်သွားပြီ ဖြစ်တဲ့ Joan Miró လို့ အမည်ရတဲ့ စပိန်နိုင်ငံသား ကမ္ဘာကျော် ပန်းချီဆရာ ဖြစ်ပါတယ်။ ယင်း ပန်းချီကို ရေးဆွဲခဲ့ချိန်က ၁၉၂၇ ခုနှစ် ဖြစ်ပါတယ်။
ခေတ်သစ် မော်ဒန် ပန်းချီတို့ရဲ့ စံနမူနာ ထားစရာ ပန်းချီကား အဖြစ် လက်ခံ အသိမှတ်ပြုထားတဲ့ ပန်းချီကား လက်ရာကောင်း တစ်ခု ဖြစ်ပါတယ်။ automatic drawing လို့ခေါ်တဲ့ လက်ကို ရည်ရွယ်ချက် ရှိရှိ ရွေ့လျားခြင်း မုတ်ပဲ မသိစိတ်ရဲ့ စိတ်အလိုကျ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလို့ ဖန်တီး ထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ extension of the unconscious လို့ ခေါ်တဲ့ မသိစိတ်ရဲ့ တိုးချဲ့လာတဲ့ အစိတ်အပိုင်း အဖြစ် လက်ကို သဘောထားလို့ ရွေ့လျား စေခြင်း ဖြစ်ပါတယ်။
ဒီအတွက် Mood ယူဖို့ အချိန်အတော်ကြာ ပေးရပြီး ပတ်ဝန်းကျင် လေ့လာမှု ကိုလည်း Miro ဟာ ပြုလုပ်ခဲ့ကြောင်း ဖြစ်ပါတယ်။ သာမန် လူတစ်ယောက် အနေနဲ့ ကြည့်ရှုရင် သိပ်မထူးခြား ပေမယ့် အနုပညာခံစား သူများအတွက် Etoile Bleue လို့ အမည်ရတဲ့ ပန်းချီကားက အထူးအဆန်း အံ့သြဖွယ် တစ်ခု ဖြစ်နေပါ သတဲ့။
ဒါကြောင့်ပဲ သက္ကရာဇ် ၂၀၁၂ ခုနှစ်က ကန်ဒေါ်လာ ၂၁ သန်းနဲ့ ၃၁ သန်း ကြား လေလံတင် ရောင်းချတဲ့ ပန်းချီကားကို ဥရောပမှာ အမေရိကန်ဒေါ်လာ ၃၆.၉ သန်း တန်ဖိုးနဲ့ ရောင်းထွက် စေခဲ့ ပါတယ်။

.

7 Days ကာတွန်းမှ


စော်မကြည်တဲ့ စွန့် ဦးတွေ

****************************
စွန့် ဦး ဆိုရာမှာ စီးပွားရေး စွန့် ဦး များသာမက စာပေ၊ ပန်းချီ စတဲ့ အနုပညာရှင်တွေ ၊ အတွေးအခေါ် နဲ့  သိပံ္ပပညာရှင် တွေ အကုန် ပါပါတယ်။ သူတို့ တွေမှာ အကြမ်းဖျင်း တူညီတဲ့ စရိုက်တွေ ရှိတယ်။ သင်ဟာ စွန့် ဦး တစ်ယောက်ရဲ့  ချစ်သူ ဖြစ်နေတယ်ဆိုရင် ဒီအချက်တွေ ရင်ဆိုင်ရ နိုင်ပါတယ်။


၁။ အဝတ်တွေကို တပတ်အတွင်း အမြဲ ထပ်ဝတ် ပါတယ်။ သူတို့ မှာ ရှိတဲ့ အဝတ်အကုန် သင် မှတ်မိ ပါလိမ့်မယ်။ သိပ်အများကြီး မရှိလို့ ပါ။ ဝတ်စားပုံ ကလည်း သင့်နားက အမိုက်စား ကောင်လေး တွေလို မလန်းပါဘူး။
၂။ သင်နဲ့  စကား ပြောနေရင်းကို အာရုံက တခြား ရောက်သွားပါလိမ့်မယ်။ သင်စကားကို လုံးစေ့ပတ်စေ့ မမှတ်မိပါဘူး။ ဂရုတစိုက် နားမထောင်လို့ သင် ဒေါသထွက် ပါလိမ့်မယ်။
၃။ ဘယ် အစားအစာ ကောင်းလဲ မြည်းခိုင်းရင် သူ အရသာ သိပ်မခွဲတတ်ပါဘူး။ အားလုံးကောင်းတယ် လို့  ပြောပါလိမ့်မယ်။
၎။ ဈေးဝယ်ထွက်ရင်း ဘယ်အင်္ကျီ သင်နဲ့ လိုက်လဲ ဆိုတဲ့ မေးခွန်းက သူ ဒုက္ခရောက်မယ့် မေးခွန်း ပါပဲ။ မြန်မြန်ပြီးရင် ပြီးရော လျှောက်ဖြေ ပါလိမ့်မယ်။
၅။ သူတို့ နဲ့ ကိစ္စတစ်ခု ငြင်းစရာကြုံလာရင် အလွယ်တကူ အလျော့မပေးတတ်ပါဘူး။ သူတို့ မှာ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့  အချက်အလက်တွေ ရှိနေပါတယ်။ သင် တအား ငြင်းလာလို့  လျော့ပေးလိုက်ရင်လည်း သင့်စကားကို လက်ခံသွားလို့ မဟုတ်ပါဘူး။ သင်ငြင်းနေတာ ချစ်ဖို့ ကောင်းလို့  လျော့ပေးတာပါ။
၆။ စွန့် ဦးတွေဟာ ခေါင်းမာပါတယ်။ တော်ရုံနဲ့  သူတို့ ကို ကိုင်လှုပ်ဖို့ ခက်ပါတယ်။ သင်ငိုရင်တော့ စိတ်ညစ်လာပြီး အလျော့ပေးလိုက် ပါတယ်။ မချော့တတ်လို့ ပါ။
၇။ နှုတ်ခမ်းမွှေး၊ မုတ်ဆိပ်မွှေးရိတ်ဖို့ မေ့နေတတ် ပါတယ်။ ခဏခဏ ရိတ်မယ့် အစား ပွဲလမ်း တစ်ခု တက်စရာရှိမှ စုရိတ်ရတာ တန်တယ် လို့  စဉ်းစား တာလည်း ဒီငတိ တွေပါပဲ။ ဒါကြောင့် ရုပ်ထွက် လည်း မလန်းပါဘူး။
၈။ ဖြစ်သလို နေတတ် စားတတ် ပါတယ်။ ကိန်းခန်း မကြီးတဲ့ အပြင် ပိုက်ဆံ သိပ်မပေါလို့ ပါ။ ဒါကြောင့် အမိုက်စား ကောင်မလေး တွေနဲ့ မအောင်မြင်ခင် ကံမဆုံ တတ်ပါဘူး။ စားပြီး ပိုက်ဆံရှင်းဖို့ လည်း မေ့ပြီး ထသွားတတ် ပါတယ်။
၉။ သူတစ်ခုခု အောင်မြင်မှု ရလာရင် (သို့ ) တစ်ခုခု ဖန်တီးပြီးရင်တော့ အဲဒီနေ့ သင်ကို ကြွားဖို့  စကားစရှာ ပါလိမ့်မယ်။ စကားစ ကြိုးစားရှာနေတဲ့ သူကို သင်မသိချင် ဟန်ဆောင် နေရင်းနဲ့  ရီချင် လာပါလိမ့်မယ်။
၁၀။ စွန့် ဦး အားလုံး စာဖတ် ဝါသနာ ပါပါတယ်။ စာအုပ် အဟောင်းဆိုင်တွေမှာ ပိုက်ဆံမလောက်ရင် တအုပ်လောက် ဝယ်ပြီး ကျန်တာ ပြီးအောင် ထိုင်ဖတ်နေ တာလည်း သူတို့ တွေပါပဲ။
၁၁။ ရိုးရာ အစဉ်အလာတွေကို မလိုက်နာပါဘူး။ အစဉ်အလာ အတိုင်း လုပ်နေတဲ့ သင့်ကို ဆန့် ကျင် မေးခွန်း ထုတ်ဖို့  အမြဲ ချောင်းနေပါတယ်။ ဒါကြောင့်လည်း သင်နဲ့  မတည့်ပါဘူး။
၁၂။ သင်ပေးထားတဲ့ ပစ္စည်းရော၊ သူ့  ပစ္စည်းပါ မကြာခဏ ပျောက်တတ်ပါတယ်။ အမှတ်တရ နေ့  တွေကို မနည်း ကြိုးစား မှတ်ရပါတယ်။ သင်မွေးနေ့  ကို မေ့နေတတ် သလို သူမွေးနေ့ ကိုလည်း မမှတ်မိပါဘူး။
၁၃။ အမှတ်တရ လက်ဆောင်ပေးဖို့  ဝယ်လာတာ တွေက စာအုပ်တို့ ၊ ပုတီးတို့ လို ကြောင်တောင်တောင် ပစ္စည်းတွေ ဖြစ်တတ် ပါတယ်။ အဝတ် ဆိုလည်း သင်မကြိုက်တဲ့ အရောင်တွေ ကိုမှ ရွေး ဝယ်လာပါ လိမ့်မယ်။ ရေမွှေး၊ ပန်းစည်း၊ ဝိုင်ပုလင်း၊ ချောကလက်၊ မွှေးပွရုပ်နဲ့  ရိုမန်တစ် လာဆန်နေရင် တော့ သူငယ်ချင်း တစ်ယောက် အကြံပေးလွတ် လိုက်လို့ ပါ။ အနုပညာရှင်တွေမှ အပ ကျန်တဲ့ စွန့် ဦးတွေ ဒါမျိုး ဥာဏ်မမှီပါဘူး။
၁၄။ စွန့် ဦး သူဌေး ဖြစ်လာမယ့် သူတွေနဲ့  မွေးရာပါ သူဌေးသားတွေ ပုံစံ လုံးဝ မတူပါဘူး။ စွန့် ဦး အကုန်လုံး နီးပါးဟာ ဟိတ်ဟန်မရှိ/ ကြွားလုံး မထုတ်ဘဲ ရိုးရိုးရှင်းရှင်း နေကြပါတယ်။ ပိုင်ဆိုင်မှုထက် အရည်အသွေး ကိုပဲ ပြဖို့ ကြိုးစား ကြပါတယ်။ ဒါကြောင့်လည်း အလန်းစား မိန်းကလေးတွေက သူတို့ ကို အထင်မကြီးပါဘူး။
၁၅။ စိတ်ခံစားမှုပြင်းထန်ပေမယ့် မျိုသိပ်ထားတာ များပါတယ်။ မရပ်မနား အလုပ်လုပ်ကြတယ်။ ဒီဖိအားတွေကြောင့် တရားနဲ့  ပတ်သတ်တဲ့ စိတ်ဖြေရာ တစ်ခု မရရင် စွန့် ဦး တွေဟာ အသက်တို တတ်ပါတယ်။
၁၆။ သူတို့ ကို တော်ရုံ မိန်းမ မကြိုက်ကြပါဘူး။ ကြိုက်လည်း ရေရှည် သည်းမခံနိုင်ပါဘူး။ မိခင်စိတ်ကြီးတဲ့ မိန်းကလေးတွေပဲ သူတို့ ကို သည်းခံ နိုင်ပါတယ်။ အနေ အစားကို ဂရုမစိုက် တတ်တဲ့ သူတို့ ကို ကလေးလို စိတ်မချတဲ့ အတွက် ခွဲမသွား ကြတာပါ။ သင့်ကို ဂရုစိုက်ပြီး မချစ်တတ်ပဲ သူတို့ အာရုံနဲ့ ပဲ အချိန် တော်တော် များများ ရူးသွပ် နေတာ များပါတယ်။
တကယ်လို့  အနားမှာ ဒီလို အရူး တစ်ယောက် ရှိနေရင်တော့ အလွယ်တကူ လမ်းမခွဲပါနဲ့ ။ သူ့ တို့ ချစ်တဲ့သူ တစ်ယောက် နောက်က တောက်လျှောက် အားပေးနေရင် ဒီ ငကြောင် တွေဟာ ကမ္ဘာကို ပြောင်းနိုင်ပါတယ်။
(မှတ်ချက် - အထက်ပါ အချက်များသည် မအောင်မြင်ခင် နှင့်သာ သက်ဆိုင်ပါသည်။ အောင်မြင်ပြီး ရင်တော့ စွန့် ဦးများ အနားတွင် မိန်းမချောများ ဝိုင်းဝိုင်းလည် ပါသည်။ 
😁
)




အင်တာနက်ကို ညဥ့်နက်သန်းခေါင်ထိ သုံးချင်တဲ့သူတွေနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အင်တာနက်ကို ညဥ့်နက်သန်းခေါင်ထိ သုံးချင်တဲ့သူတွေနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(အရမ်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဖတ်ကြည့်စေချင်ပါတယ်) Facebook Post မှ ကူးယူ Share ခြင်းဖြစ်သည်။

........................................................................................
သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့သူတက်အလာကို စောင့်နေတတ်သည်မှာ
ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။
အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင်ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။
"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline
ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ
ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့
နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို
မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို
ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။
"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။
ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။
"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"
မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။
ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို
ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို
နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"
ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။
"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။
အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။
ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကိုအားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။
"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ
တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး
ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။
"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"
ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။
သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။
မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
ပြန်သတိရမိသည်။
"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...
သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။
ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။
ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...
"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
အများကြီးရှိသေးသည် မဟုတ်ပါလား..။
"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
မျှော်လင့်ချင်သေးသည်။
"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး
ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
လှည့်စားခဲ့တယ်"
"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။အကြိမ်ကြိမ်လည်း
တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"
ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့
မေ့နေခဲ့သည်။
"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း
ပြောလိုက်မိသည်။
"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။
ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။
"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"
စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။
"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"
တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။
"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"
ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"
ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....
"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"
သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။
"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"
"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
မေ့သွားမှာ စိုးတယ်"
သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။
"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"
ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။
"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"
"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
ပြောလိုက်မိသည်။
"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"
ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့်
သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။
"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"
မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။
"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"
ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။
"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"
နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်
သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။
ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။
သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူမြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစုံကို ရပ်လိုက်သည်။
"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။
သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။
"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"
ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။
"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"
သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
တူနေသည်။
"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

***********************************